ကျောင်းကုန်း ၂၇ အောက်တိုဘာ
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရပ်ကွက်နှင့် ကျေးရွာများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အသက်(၆၀) ပြည့်ပြီးသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပြင်ဆင်ထားမှုကို ယနေ့နံနက်ပိုင်းက လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့သည်။
မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက အမှတ် (၂)ရပ်ကွက်၊ မဲရုံအမှတ်(၂)မိုးလုံလေလုံခန်းမ၌ ပြင်ဆင်ထားမှုအခြေအနေ၊ လိုအပ်ချက်များအား ဖြည့်စွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ ရေဂလုတ်ကျေးရွာ၊ မိုးပြာကျေးရွာ၊ မင်းမနိုင်ကျေးရွာနှင့် ဖုန်းဆိုးကျေးရွာတို့၌ ကြိုတင်ဆန္ဒမဲ ပေးနိုင်စေရန် ပြင်ဆင်ထားမှုများအား လုံခြုံရေးအမြင်ဖြင့် စီမံဆောင်ရွက်ထားရန်၊ ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် လူစုလူဝေး မဖြစ်စေရေးနှင့် လက်သန့်ဆေးရည်များစီစဉ်ထားရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


