mdn

ကျောင်းကုန်း  ၁၂    ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ယမန်နေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ(၆၆)ဦး စစ်ဆေးရာ ပိုးတွေ့လူနာသစ်(၄၀)  စံချိန်တင်တွေ့ရှိခဲ့ပြီး ရောဂါအခံရှိသူ(၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာ(၄၀)တွင် ရဲတပ်ဖွဲ့ဝင် ကျား(၅)ဦး၊မ(၃)ဦး၊ ရဲမိသားစုဝင်(၉)ဦးနှင့် အချုပ်သား (၉)ဦး၊ စုစုပေါင်း(၂၆)ဦးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းမိသားစု(၁၁)ဦးတို့ အများဆုံးတွေ့ရှိခဲ့ပြီး၊ ပိုးတွေ့လူနာသစ် (၄၀) စံချိန်တင် တွေ့ရှိခဲ့သည်။

ကျောင်းကုန်းမြို့နယ် ချောင်ကြီးတိုက်နယ်ဆေးရုံတွင်(၈၉)ဦး၊ ကျောင်းကုန်းဆေးရုံတွင်(၈)ဦး၊ ဒေါင့်ကြီးတိုက်နယ်ဆေးရုံတွင်(၄)ဦး၊ လှည်းဆိပ်ရဲကင်းစခန်းဝန်ထမ်းအိမ်ယာတွင်(၂၆)ဦး၊ စည်ပင်သာယာရေးအဖွဲ့ရိပ်သာတွင်(၉)ဦး၊စုစုပေါင်း(၁၃၆)ဦး စောင့်ကြည့်ကုသမှုခံယူလျက်ရှိပြီး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၅၀) ရှိပြီဖြစ်ကြောင်းနှင့် ယခု တတိယလှိုင်းတွင် အတည်ပြုလူနာ (၁၈၆)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 အမှတ်(၁)ရပ်ကွက်နေ ရောဂါအခံရှိသူ အသက်(၅၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်အသက်(၄၄) နှစ်အရွယ် အမျိုးသားတစ်ဦးတို့သည် ယနေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူရင်း သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)