ကျောင်းကုန်း ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ၂၀၂၁- ၂၀၂၂ ခု ၆ လ ဘတ်ဂျက်ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့်  မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေးပေးခြင်းကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီက ကျောင်းအိုင် ကျေးရွာအုပ်စု သရက်ချောင်းကျေးရွာ ဘုန်းကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။      
   
အဆိုပါ ရန်ပုံငွေထုတ်ချေးပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်ဇော်နှင့် တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေများအား တစ်ဦးခြင်း စနစ်တကျ ထုတ်ချေးပေးခဲ့ကြသည်။

သရက်ချောင်း ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၅၉)ဦးအား ငွေကျပ် (၂၁၁)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၃၇)ဦးအား ငွေကျပ် (၇၃)သိန်း၊  အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၃)ဦးအား ငွေကျပ် (၁၀)သိန်း၊ စုစုပေါင်း စီမံကိန်း ရန်ပုံငွေကျပ် (၂၉၄)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

တေဇာလင်း