ကျောင်းကုန်း၊ ၁၄ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က အဆိုပါမြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့နယ်၊ကျောင်းအိုင်ကျေးရွာမှ အိမ်ထောင်စုလူဦးရေစာရင်း(၃၀)ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၇)ဦးတို့အား မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းရှိန်နှင့် ဝန်ထမ်းများက စိစစ်ဆောင်ရွက်ပေးခဲ့ပြီး၊ နိုင်ငံသားအရည်အချင်းပြည့်ဝသူပြည်သူများအား တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပေးအပ်ခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်အရ ကျောင်းကုန်းမြို့နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ ၃ ရက်က စတင်ပြီး ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ မိမိမွေးဖွားရာဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများနှင့် ရွှေ့ပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သူလက်မှတ် မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


