ကျောင်းကုန်း ၂၅ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်နေ ဒေါ်သိန်းမြင့်သား ကိုသန်းနိုင်+ မသင်းသင်းချို (သီတာဦး ပဲမျိုးစုံနှင့် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး)မိသားစုမှ ကာလဒါန အလှူအဖြစ် ဆန်လှူဒါန်းမှုကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့နယ်အား လုံခြုံရေးတာဝန်ယူထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်(၉၅)ဦး၊ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများဖြစ်သည့် အမှတ်(၂) ရပ်ကွက်မှ(၃၈၅)ဦး၊အမှတ်(၄)ရပ်ကွက်မှ (၄၇၀)၊ မိုးပြာကျေးရွာမှ(၁၇၀)နှင့် သဲကုန်ကျေးရွာမှ(၁၇၀)၊ စုစုပေါင်း (၁၂၉၀)အား ဆန်(၅)ပြည်စီ ထောက်ပံ့ လှူဒါန်းခဲ့ရာ ကာလတန်ဖိုး(၆၈)သိန်းခန့် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


