ကျောင်းကုန်း ၂၅ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ တစ်ပိုင်တစ်နိုင် မွေးမြူထားသော တိရစ္စာန်များအား ကူးစက်ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန် ရွာသာကုန်းအုပ်စု၊ရွာသာကုန်းကျေးရွာတွင် ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ကာလတွင် ကျေးလက်နေ တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ကိုင်သူ များ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှထောက်ပံ့ပေးသော ဝက်ဝမ်းကျ ကာကွယ်ဆေး အဆ (၁၀ဝ၀)၊ကြက်လည်လိမ်ကာကွယ်ဆေး (အိုင်တူး)မျက်စဉ်း အဆ(၄၀ဝ၀) နှင့်ကြက်/ဘဲ ဝမ်းကျကာကွယ်ဆေး အဆ(၃၀ဝ) တို့ကို ကျေးရွာအုပ်စု(၁၀)အုပ်စုမှ ကျေးရွာ(၁၀)ရွာသို့ ကွင်းဆင်း၍ အခမဲ့ လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


