ကျောင်းကုန်း ၁၇ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး တံတားအထူးအဖွဲ့ (၁၆)ပုသိမ်မြို့မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းလွင် ဦးဆောင်၍ တာဝန်ရှိသူများက ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၀)အုပ်စုမှ ပြည်သူများ ပညာရေး၊ကျန်းမာရေးကိစ္စ အဆင်ပြေချောမွေ့စေရေး ဒါးကမြစ်ကူးတံတား ဆောက်လုပ်မည့် အဆိုပြုနေရာအား လေ့လာဆန်းစစ် မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အေးချမ်းသာယာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပုသိမ်မြို့တံတားအထူးအဖွဲ့(၁၆) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလွင်က တည်ဆောက်မည့် နေရာသည် မြို့အတွက် အမှန်တကယ် အသုံးဝင်စေမည့် နေရာဖြစ်စေရန် မြို့မိမြို့ဖများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက သဘာဝဘေးကိစ္စများ ဖြစ်ပေါ်လာပါက အချိန်တိုအတွင်း တုံ့ပြန်ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးရှိနိုင်ပြီး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုနိုင်မည့် တံတားတစ်စင်းဖြစ်ကြောင်း၊ စီမံကိန်းကြောင့် ထိခိုက်နိုင်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြစ်ကူးတံတား တည်ဆောက်မည့် အဆိုပြုနေရာများမှ သင့်တော်သောနေရာကို ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး၊ မြေစမ်းသပ်ချက်များ ဆက်လက်၍ ပြုလုပ်သွားမည်ဖြစ်ဟု မြို့နယ်လမ်းဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဝင်းက ပြောသည်။
ဝင်းကြိုင်(ပြန်/ဆက်)


