ကျောင်းကုန်း ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်၌ ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများကို ဦးစားပေး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်း သွားရောက် ကြည့်ရှုခဲ့ကြသည်။ ကျောင်းကုန်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သေဆုံးမှုလျှော့ချရေး၊ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးရေး၊ နိုင်ငံစီးပွားရေးထိခိုက်မှု ဖြစ်ပွားစေနိုင်မည့် အခြေအနေများ မဖြစ်ပေါ်စေရေးတို့ကို ရည်ရွယ်၍ ဦးစားပေးအုပ်စုများ ခွဲခြားကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)