ကျောင်းကုန်း ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဝက်လိုင်စင် လုပ်ကိုင်သူသည် ဖျားနာပြီး အနံ့မရသဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ
အေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက Rapid Test Kit(R T K) စက်ဖြင့် ဇွန် ၂၅ ရက် ညနေပိုင်းက စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ခြောက်ဦး တွေ့ရှိခဲ့ပြီး၊ ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် နှစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၂၁ ဦးရှိပြီး ၎င်းတို့အား ချောင်ကြီးတိုက်နယ်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)