ကျောင်းကုန်း ၁၅ ဖေဖော်ဝါရီ

 

ကျောင်းကုန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စွမ်းအားမြှင့်မီးဖိုများအား လျှပ်စစ်မီး မရရှိသည့် ကျေးလက်ဒေသများသို့ ယနေ့နံနက်ပိုင်းက   ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါမီးဖိုများကို ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာနမှ ထောက်ပံ့လှူဒါန်းတာဖြစ်ပြီး ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ရွာသာကုန်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု(၁၁၂၂)အတွက် စွမ်းအားမြှင့်မီးဖို (၁၁၂၂) လုံးကို ပေးအပ်ခဲ့ပြီး၊ ဖေဖော်ဝါရီလတွင် ကျေးရွာအုပ်စု(၁၆)အုပ်စု၊ ကျေးရွာခွဲပေါင်း(၁၀၇)ရွာအတွက် စွမ်းအားမြှင့်မီးဖိုအလုံးပေါင်း(၉၀၀၀) ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)