ကျောင်းကုန်း ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ နယ်မြေ (၅၊ ၆၊ ၇၊ ၈၊ ၉)ရှိ အိမ်ထောင်စု ၁၇၃ စုတို့အား ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ဆန်နှင့် အလှူငွေများ လှူဒါန်းခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် နှစ်ပြည်၊ ငွေကျပ် ၅၀၀၀ စီကို အလှူရှင်ကိုယ်စား ဦးစိန်ဌေးအောင်(မန်နေဂျာ T S ဆီဆိုင်)က ကိုဗစ်ကာလ စည်းကမ်းချက်နှင့်အညီ လှူဒါန်းပေးအပ်ရာ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေး
မှူး ဦးခင်ထွေးက လက်ခဲ့ရယူခဲ့ပြီး ရာအိမ်မှူးများက ပြည်သူများအား တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


