တရုတ်နိုင်ငံ ပေကျင်းရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ယမန်နေ့က လူတစ်ယောက်၏ တူဖြင့် တိုက်ခိုက်မှုကိုခံခဲ့ရသည့် ကလေးငယ်များမှာ ပြန်လည်သက်သာနေပြီဖြစ်သည်။

ကလေးငယ် ၂၀ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသန္တရတာဝန်ရှိသူများက ပြောကြားသည်။

ကလေးငယ်သုံးဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော်လည်း ယခုအခါမှာ အခြေအနေမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။

စိုးရိမ်ပူပန်နေသည့် မိသားစုဝင်များက ကျောင်းသို့ အပြေးရောက်ရှိလာခဲ့ကြသည်။

 

mdn

 

ကျွန်တော်တို့လို့ အသက်ကြီးတဲ့သူတွေကို တိုက်ခိုက်ခဲ့လျှင် တော်သေးတယ်။ ကလေးတွေက ငယ်ရွယ်ပြီး အပြစ်မဲ့ပါတယ်။ သူတို့ကိုယ်သူတို့လည်း ခုခံကာကွယ်နိုင်စွမ်း မရှိပါဘူး” ဟု  ကျောင်းနေကလေးတစ်ဦး၏ အဖိုးဖြစ်သူက ပြောကြားသည်။ 

အဆိုပါ တိုက်ခိုက်မှုအတွက် လူလတ်ပိုင်း ကျောင်းအလုပ်သမားတစ်ဦးဖမ်းဆီးခဲ့သည်။ စာချုပ်သက်တမ်းတိုးခြင်း မခံရသည့်အတွက် ၄င်းမှာ ဒေါသထွက်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသန္တရမီဒီယာများက ပြောကြားသည်။

တရုတ်နိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လေ့ဖြစ်ထမရှိသော်လည်း မကြာသေးမီနှစ်များအတွင်း စာသင်ကျောင်းများ၌ ကလေးငယ်များအပေါ် တိုက်ခိုက်မှုများ ရှိလာခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn