၁၇ ဩဂုတ်
မဲစာရင်းတွင် ပါ၊ မပါ နှင့် မဲစာရင်း မှား၊ မမှားလာရောက် ကြည့်ရှုစစ်ဆေးသူများ အလွန်များသည် ဆိုသည့်အချက်သည် ကောင်းမွန်သည့် လက္ခဏာဖြစ်ပါကြောင်း၊ ယင်းအချက်သည် ရွေးကောက်ပွဲအပေါ်တွင် ပြည်သူများ စိတ်ဝင်စားမှုရှိကြောင်း၊ ရွေးကောက်ပွဲ၏ အရေးပါမှုကို အသိအမှတ်ပြု နားလည်ကြောင်းကို ပြသခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်မည်ဟု ယုံကြည်ပါကြောင်း။
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၅-၈-၂၀၂၀ ရက်နေ့တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်နေသူများနှင့် အပြန်အလှန် ဆွေးနွေးသတင်းမှ ကောက်နုတ်ချက်)