ဘားအံ ၁၈ ဇူလိုင်
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းနေ အရွယ် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နွားနို့နှင့် ကြက်ဥပြုတ်များကို ယနေ့ နံနက်(၁၀)နာရီက တိုက်ကျွေးခဲ့ကြောင်း သိရသည်။
နွားနို့နှင့် ကြက်ဥပြုတ်များ တိုက်ကျွေးရာသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးစိုးလှိုင်၊ ပြည်နယ်စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ ပြည်နယ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တောသတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်း၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ ၅၇၁ ဦးအား နွားနို့နှင့်ကြက်ဥပြုတ်များ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


