ကျောင်းနေအရွယ်ကလေးများရဲ့ အတက်ရောဂါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ

ရေးသားသူ Phyo Wai Yan

ဆေးပညာဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.

အတက်ရောဂါဆိုတာ ကျောင်းနေရွယ် ကလေးတွေအတွက်တော့ တကယ့်အခက်အခဲ တစ်ခုပါပဲ။ အတက်ရောဂါကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ကလေးအား သင်ပြပေးခြင်းဟာ အသုံးဝင်နိုင်ပါတယ်။

 

ထိုသို့ပြုလုပ်ပေးခြင်းက သူတို့လေးတွေကို ကျောင်းမှာဖြစ်လာမယ့် ပြဿာနာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်စေပြီး မိမိကိုယ်ကိုလည်း ပိုမိုယုံကြည်မှုရှိလာစေမှာပါ။

 

အတက်ရောဂါရှိနေသော ကလေးများအတွက် ကျောင်းတွင် အဆင်ပြေအောင် စီစဉ်ပေးခြင်း။

အတက်ရောဂါရှိနေမယ်ဆိုရင် ကျောင်းမှာတက်နိုင်တယ်လို့ စိတ်ပူရတာပုံမှန်ပါပဲ။ သူငယ်ချင်းတွေ ကြောက်သွားမှာ၊ ရယ်စရာကြီးဖြစ်သွားမှာကို သတိထားသင့်ပါတယ်။  ကလေးက ကျောင်းမှာတက်မယ်ဆိုရင် ဖြစ်လာမည့်အကျိုးဆက်တွေအတွက် ကြိုတင်ပြင်ဆင်ပေးထားသင့်ပါတယ်။ ယင်းဟာ စိတ်လှုပ်ရှားနိုင်တယ်ဆိုပေမယ့်လည်း  ကိစ္စကြီးကြီးမားမား မဟုတ်ဘူးဆိုတာကို ကလေးနားလည်နေဖို့ လိုပါတယ်။

 

ပထမဦးစွာ ဝက်ရူးပြန်ခြင်းနဲ့ တက်ခြင်းကို ကလေးနားလည်တာ သေချာပါစေ။ ဒါ့အပြင် ကျောင်းဆရာဆရာမတွေ၊ ဝန်ထမ်းတွေကို ပြောပြထားရပါမယ်။  အတန်းဖော်တွေအား ဝက်ရူးပြန်တယ်၊တက်တယ်ဆိုတာ နားလည်အောင်ရှင်းပြပေးဖို့ ဆရာဆရာမတွေကို တောင်းဆိုပါ။ ဒါဆိုရင်တော့ ဝက်ရူးပြန်လာမယ်ဆိုရင် သူတို့နားလည်သွားပြီး ကြောက်တော့မှာလည်း မဟုတ်ပါဘူး။

 

အတက်ရောဂါနဲ့ ပတ်သတ်တဲ့ သိသင့်သိထိုက်သည်များကို အတန်းဖော်များအား မျှဝေပေးပါ။

 

ဆရာ၊ဆရာမက အောက်ပါသိသင့်သိထိုက်သည်များကို ပြောပြသင့်ပါတယ်။

 

  • ထိုသို့ဖြစ်နေခြင်းဟာ တက်တယ်လို့ခေါ်ပြီး ဝက်ရူးပြန်ခြင်းရဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

 

  • ထိ်ုရောဂါဟာ မကူးဆက်နိုင်ပါဘူး။

 

  • တစ်ခါတစ်ရံ ဦးနှောက်ဆဲလ်တွေက ခန္ဓာကိုယ်ကို ဘာလုပ်ရမလဲပြောတဲ့အခါမှာ မှာယွင်းသွားတဲ့အတွက်ကြောင့် တက်ခြင်းဖြစ်ရတာပါ။

 

  • မိနစ်အနည်းငယ်ကြာတဲ့အခါမှာ တက်တာရပ်သွားပါမယ်။ တချို့ကလေးတွေကတော့ ငိုက်မျဉ်းနေပါလိမ့်မယ်။

 

  • တက်တယ်ဆိုတာ ကြောက်ဖို့ကောင်းတယ်ဆိုပေမယ့်လည်း အန္တရယ်တော့ မရှိပါဘူး။

 

  • ဆေးဝါးတွေနဲ့တော့ အတက်ရောဂါတော်တော်များများကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ မဟုတ်ပါဘူး။

အတန်းဖော်တွေကို အတက်ရောဂါနဲ့ပတ်သက်ပြီး သိလိုသည်များကို မေးမြန်းအောင် အားပေးပါ။ သူတို့ကတက်နေရင် ဘယ်လိုခံစားရသလဲ၊ ဘယ်လိုကုသနိုင်မလဲနဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကို မေးမြန်းပါလိမ့်မယ်။

 

ကျောင်းစစတက်ခြင်းမှာ ကလေးရဲ့ ဆရာ၊ဆရာမနဲ့ တွေ့ဖို့လိုအပ်ပါတယ်။ ကျောင်းတွင်း သူနာပြုတွေနဲ့ စီမံခန့်ခွဲသူတွေကို ကလေးအခြေအနေနဲ့ ပတ်သက်ပြီး ပုံမှန်အသိပေး သင့်ပါတယ်။

 

ကျောင်းမှာ ဝက်ရူးပြန်နေပြီဆိုရင်တက်နေပြီဆိုရင် ဘာတွေလုပ်ရလဲဆိုတာ ဆရာ၊ဆရာမက သိရပါလိမ့်မယ်။

 

  • ကလေးတွေအားလုံးကို စိတ်အေးအေးထားပါ။ ခြောက်လှန့်ဖို့ မကြိုးစားပါနှင့်။

 

  • ကလေးခေါင်းကို မထိခိုက်ပါစေနဲ့။ ထိခိုက်စေနိုင်သည့် ချွန်ထက်သည့်အရာများနဲ့ ဝေးရာမှာထားပါ။ ခေါင်းအုံး၊ အဝတ်စသည့် နူးညံ့သည့်အရာတစ်ခုခုဖြင့် ခေါင်းကိုခုထားပေးပါ။

 

  • မချုပ်ထားပါနှင့်။

 

အတက်ရောဂါရဲ့ ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေကို နားလည်ထားတာဟာ သင့်ကလေးအတွက် အရေးကြီးပါတယ်။ မတက်ခင်၊တက်နေစဉ်၊တက်အပြီးမှာ ဘာတွေဖြစ်လဲဆိုတာကို ဆရာ၊ဆရာမတွေအား သေချာစောင့်ကြည့်ပေးဖို့ တောင်းဆိုထားပါ။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"