မတ္တရာ ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် အရိပ်ရပင်၊ လေကာပင်၊ အလှပန်းပင်နှင့် ရတနာတန်းဝင်အပင် စုစုပေါင်း ၁၅၀၀ ကို ကျောင်းဝင်းအတွင်း၌ ကျောင်းကောင်စီအသင်း ငါးအသင်းအလိုက် သတ်မှတ်နေရာများတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ငြိမ်းတင့်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြသည်။
စိုးကျော်သူထွေး(မတ္တရာ)