ရန်ကုန် ၁၂ အောက်တိုဘာ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် (ဒုတိယနှစ်ဝက်) ကျောင်းပြင်ပ မူလတန်းပညာရေး ရန်ကုန်ဇုန် နည်းပြသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတင်ညိုက အမှာစကားပြောကြားသည်။
သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ဆရာ၊ ဆရာမ (၁၀၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၉)ရက် ဖြစ်ကာ ပညာသင်နှစ် (ပထမနှစ်ဝက်)သင်တန်းကို ဇွန် (၁၀)ရက်မှ (၁၈)ရက်အထိ ဖွင့်လှစ်ခဲ့သည်။
ယခု ပညာသင်နှစ်တွင် မြို့နယ် (၈၉)မြို့နယ်ရှိ အခြေစိုက်စခန်း (၄၁၆) ခုတွင် ကလေးပေါင်း (၇၅၅၀) တက်ရောက်ပြီး ကျောင်းပြင်ပ မူလတန်း ပညာရေး ဆောင်ရွက်သည့် (၁၂)နှစ်တာ ကာလအတွင်း ကျောင်းနေရန် ခက်ခဲသော ကျောင်းပြင်ပရောက် ကလေး (၉၂၀ဝဝ)ကျော် တက်ရောက်ခဲ့ကြကာ ကျောင်းပြင်ပ မူလတန်းပညာရေးမှ တစ်ဆင့် အခြေခံ ပညာအလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ဆက်လက်တက်ရောက်သော ကလေးများအနက် တက္ကသိုလ်စာမေးပွဲ အောင်မြင်သူကလေးပေါင်း ယခုနှစ်အထိ (၆၃)ဦးရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်


