လိပ်သို  ၂၉  အောက်တိုဘာ

 

ကျောင်းသား ကျောင်းသူများ ကျောင်းစာအပြင် ကာယစွမ်းရည်၊ ဉာဏစွမ်းရည် တိုးတက်ရေးနှင့် ပြင်ပ လူမှုဆက်ဆံရေး နယ်ပယ်တွင် ယဉ်ကျေးလိမ္မာစေရေးတို့အတွက် ရည်ရွယ်၍ ကရင်ပြည်နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက  လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်း၌  ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့  ကျောင်းဖွင့်ချိန် အ.ထ.က ကျောင်း၊  အ.လ.က ကျောင်းနှင့် အ.မ.က ကျောင်းများတွင် ပုံမှန် အပတ်စဉ် ကွင်းဆင်းပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များရရှိကာ  စာဖတ်အား ပိုမိုကောင်းမွန်လာပြီး စာပေမှရရှိသည့် ဗဟုသုတများဖြင့် စာစီစာကုံး၊ ကျပန်း စကားပြော ပြိုင်ပွဲများတွင် လက်တွေ့အသုံးချတတ်စေရန် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

 

အပတ်စဉ် စာသင်ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများ စာဖတ်သည့် အလေ့အထ အားကောင်းလာသဖြင့် လိပ်သိုမြို့ ရုံးပြည်သူ့စာကြည့်တိုက်တွင်လည်း စနေနေ့တိုင်း စာအုပ်၊ စာစောင်များ လာရောက်ဖတ်ရှု ငှားရမ်းလျက်ရှိကြောင်း သိရသည်။

 

လိပ်သို(ပြန်/ဆက်)