ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ်တွင်၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် ပဥ္စမတန်း(Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုအားပေး
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း၊ အမှတ်(၃)အခြေ ခံပညာအထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလ တန်းဆင့်ပဥ္စမတန်း(Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ သင်္ချာဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ထိုသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးသည် ဆရာဆရာမများနှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများအနေဖြင့် စာမေးပွဲစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စာမေးပွဲများ အောင်မြင်စွာပြီးမြောက်ရေး ဆောင်ရွက်ကြရန်၊ စာမေးပွဲကျင်းပစဉ် ကာလ အတွင်း လိုအပ်သည်များနှင့် ထူးခြားဖြစ်စဉ်များဖြစ်ပေါ်လာပါ အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးနှင့် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်း သူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်မှ ဘက်စုံပညာဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အနာဂတ်တွင် ဆရာ၊ ဆရာမများအဖြစ် တာဝန်ယူဆောင်ရွက် ကြမည့် ဆရာ၊ ဆရာမလောင်းများအနေဖြင့် ထူးချွန်ထက်မြက်သော တိုင်းပြည်က အားထားရသူများဖြစ်အောင် ရည်မှန်းကြိုးစားကြစေလိုကြောင်း မှာကြားပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာ ကဏ္ဍ မှဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြိုးပမ်းကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အေးသာယာမြို့ရှိ အမှတ်(၁)အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့သွားရောက်၍ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၇) အခြေခံ ပညာ အထက်တန်းများသို့သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလ တန်းဆင့် ပဥ္စမတန်း(Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(Grade-9) နှစ်ဆုံးစာမေးပွဲ ဖြေဆိုနေသည့် စာဖြေခန်းများ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်