ဆင်ပေါင်ဝဲ ၂၆ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်း သူများအား သွားလာရေးလွယ် ကူစေရန်ရည်ရွယ်၍ Lesswalk Organization မှ စက်ဘီးများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာ ရီက ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်း ကျောင်း၊ ရန်အောင်မြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စက်ဘီပေးအပ် လှူဒါန်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းက အ ဖွင့်အမှာစကား ပြောကြားရာတွင် ခြေလျင်ဖြင့် ကျောင်းပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူလေးများ ပညာသင်ကြားရာတွင် အခက်အခဲများမရှိစေရန် နှင့် ကျောင်းစာကို ပိုလုပ်နိုင်စေရန် လှူဒါန်းပေးခြင်းဖြစ်ကြောင်းပြောကြားပြီး Lesswalk Organization Founder ကိုယ်စား ဒေါ်အေးအေးစိုးက စက်ဘီးလှူဒါန်းရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က ကျောင်းသား/ကျောင်းသူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဆရာမကြီးက စက်ဘီးလှူဒါန်းပေးပါသော Lesswalk Organization အား ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ကာ ကျောင်းသား/ကျောင်းသူ(၁၃၄)ဦးအား တာဝန်ရှိသူများက စက်ဘီး (၁၃၄)စီး ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နေခြည်(ဆင်ပေါင်ဝဲ)


