လှိုင်းဘွဲ  ၁၂  ဒီဇင်ဘာ  

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှုလျော့နည်းကျဆင်းစေရန်နှင့် ကျောင်းသား/သူများ မှုခင်းများနှင့်ပတ်သတ်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ကာ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ နယ်မြေစခန်းမှူး ရဲအုပ်လေးနိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီအချိန်က အထကကျောင်း ရွှေရတနာခန်းမ၌ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ဟောပြောပွဲတွင် ရဲအုပ်လင်းနိုင်က ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် မူးယစ်သားကောင်များ မဖြစ်စေရေး၊ မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းသူတို့၏ ပြစ်မှုပြစ်ဒဏ်များ၊ လူမေှာင်ခို လူကုန်ကူးမှု မခံရစေရေး ‌ဆောင်ရန်ရှောင်ရန်အချက်များနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းတို့၏ လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အဆိုပါဟောပြောပွဲတွင် ရွှေဂွန်းကျေးရွာ နယ်မြေစခန်းမှူး ရဲအုပ်လေးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ် ဆရာမကြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ခင်စန်းမြင့် (ပြန်/ဆက်)