ကျောင်းသား၊ ကျောင်းသူများအတွက် ကူဘိုတာကုမ္ပဏီမှ ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာ အစုံ ၁၆၃၀ဝ လှူဒါန်း

နေပြည်တော်    ၃  အောက်တိုဘာ

 

ကူဘိုတာကုမ္ပဏီနှင့် ကူဘိုတာအရောင်းကိုယ်စားလှယ်များ၏ ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲကို  ယနေ့ နံနက်  ၈ နာရီခွဲတွင် နေပြည်တော်ရှိ  ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယမန်နှစ်က ကူဘိုတာကုမ္ပဏီမှ ပေးအပ်လှူဒါန်းသော ကျောပိုး လွယ်အိတ်နှင့် စာရေးကိရိယာအစုံများကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့တွင်ရှိသည့် အမြင်အာရုံနှင့် အကြားအာရုံချို့တဲ့သည့် ကျောင်းသားကျောင်းသူများနှင့် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ လိုအပ်သောကျောင်းများသို့ ဖြန့်ဝေလှူဒါန်း ခဲ့ပါကြောင်း၊ ယခုနှစ် လှူဒါန်းခြင်းအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အနှံ့အပြားရှိ လိုအပ်လျက်ရှိသော ကျောင်းသား ကျောင်းသူများကို  ဆက်လက်ဖြန့်ဝေ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ KUBOTA Myanmar ကုမ္ပဏီမှ Managing Director  Mr.Kunitomo Sato က အမှာစကား‌ပြောကြားသည်။

 

 

ထို့နောက် ကူဘိုတာကုမ္ပဏီမှ လှူဒါန်းသည့် ကျောပိုးအိတ်နှင့် စာရေးကိရိယာ များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လက်ခံရယူသည်။

 

အဆိုပါ လှူဒါန်းမှုများကို ကူဘိုတာကုမ္ပဏီနှင့် ကူဘိုတာအရောင်းကိုယ်စားလှယ် တို့မှ ပူးပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ကျောပိုးလွယ်အိတ်နှင့် စာရေးကိရိယာများ အစုံရေ (၁၆၃၀ဝ) စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း (၇၅၀) ခန့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)