ပုလဲ   ၁၀    ဇန်နဝါရီ 


         
အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ  မြို့နယ်ဦးစီးမှူးရုံးမှ  သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် အသက်(၁၀)နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၃၁၉ကတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပုလဲမြို့၊  ပုလဲရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


        
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးအောင်ထွန်းမြင့်က ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင်    အခြေခံပညာကျောင်းများရှိ    ကျောင်းသား၊ ကျောင်းသူများအတွက် အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ထုတ်ပေးနိုင်ရေးအတွက် ၂၀၁၈ခုနှစ်    စက်တင်ဘာမှ  ဒီဇင်ဘာအထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် လက်တောင်းကြီးကျေးရွာ၊ ကန့်ဒေါင့်ကျေးရွာ၊  ဦးနှောက်ကျေးရွာ၊ ချောင်းနားကျေးရွာ၊ လက်ပုကန်ကျေးရွာ၊ ခေါ်သန္တီကျေးရွာ၊ မရိုးတုန်းကျေးရွာ၊ တနယ်ကျေးရွာ၊ နွယ်ရှောက်ကျေးရွာ၊ တုန်းကန်ကျေးရွာ၊ ဝက်ကျကျေးရွာ၊ ကြောင်သန်းကျေးရွာ၊ မင်းတိုင်ပင်ကျေးရွာ၊ အိုင်းမကျေးရွာ၊  ဇီးဖြူကုန်းကျေးရွာ၊ ပုပ္ပါကျေးရွာ၊ အင်ကြင်းစုကျေးရွာ၊ ကျွန်းဘိုကုန်းကျေးရွာ၊ ကြာစီကျေးရွာ၊ ပိတောက်ကုန်းကျေးရွာ၊ သစ်ကြီးတိုင်းကျေးရွာ၊ ရွာထင်ကျေးရွာ၊ ပဲခင်းမကျေးရွာ၊ မိုးကောင်းကျေးရွာနှင့်  လှော်ကားကျေးရွာရှိ  အခြေခံပညာကျောင်းများမှ   ကျောင်းသား၊  ကျောင်းသူများအတွက် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၃၁၉ ကတ်ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထိုနောက်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က   ကန့်ဒေါင့် - အထကမှ ကျောင်းသား၊  ကျောင်းသူများအတွက်   နိုင်ငံသားစိစစ်ရေးကတ်ပြားများကို   လည်းကောင်း၊   အမျိုးသားလွှတ်တော်ကိုယ်စားလှယ်   ဦးရဲထွဋ်က ပုပ္ပါ - အလကမှ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်းကောင်း၊   တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က မင်းတိုင်ပင် - အထကမှ  ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးယဉ်ထွေးက လက်တောင်းကြီး-အထကမှ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ယင်းမာပင်ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်က ပိတောက်ကုန်း-အထကမှ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ  ဦးတိုးတိုးဝင်း က ဝက်ကျ -၂ အထကမှ ကျောင်းသား၊  ကျောင်းသူများအတွက်    နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းရွှေ က ကြာစီ-အလကမှ  ကျောင်းသား၊ ကျောင်းသူများအတွက်  နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပုလဲမြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးအောင်ထွန်းမြင့် က  မရိုးတုန်း - အလကမှ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုလည်းကောင်း ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ပြီး အခြေခံပညာကျောင်းများကိုယ်စား မရိုးတုန်း - အလက ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဦး က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။ 

 

မြို့နယ်ပြန်/ဆက်

 

mdn