ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံတွေ အတွက်လည်း အဆင်ပြေတယ်

မောင်တော ၆ ဖေဖော်ဝါရီ

ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံတွေအတွက်လည်း အဆင်ပြေပြီး ခရီးတစ်ခုကို အချိန်မနှောင်းဘဲ ရောက်တဲ့အတွက် လုပ်ငန်းပိုင်းလည်း အဆင်ပြေပါတယ်လို့ အငူမော် - မောင်တောလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ကျောင်းဆရာမ ဒေါ်ခင်ဦးရွှေက ပြောသည်။

 

 

“အခုလို လမ်းကိုအဆင့်မြှင့်ပေးတဲ့အတွက် ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံတွေအတွက်လည်း အဆင်ပြေတယ်၊ အရင် လမ်းမကောင်းတုန်းက မိုးတွင်းဆို သွားလာရတာ တော်တော်လေး ဆိုးတယ်၊ အခုဆို ခရီးတစ်ခုကို အချိန်မနှောင်းဘဲ ရောက်တဲ့အတွက် လုပ်ငန်းပိုင်းလည်း အဆင်ပြေပါတယ်၊ အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ဒေါ်ခင်ဦးရွှေက ပြောသည်။

MDN