ကျောင်းသား/ကျောင်းသူများ အပြောစွမ်းရည်တိုးတက်စေရန် အိမ်မဲမြို့ လူထုအခြေပြုဗဟိုဌာနတွင် ပုံပြောပြိုင်ပွဲ ပြုလုပ်ပေး

အိမ်မဲ ၁ အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနျ၌ ကျောင်းသား၊ ကျောင်းသူလေးများ အပြောစွမ်းရည်တိုးတက်စေရန်ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ ဆက်လက်ကျင်းပရာ အ.မ.က မြို့မ(၂)မှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများကို မြို့နယ်ဦးစီးမှူးနှင့် ဆရာမ ဒေါ်မော်မော်လွင်တို့မှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)