ကြို့ပင်ကောက်  ၂၆  ဇန်နဝါရီ 

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထက(ဘုရင့်နောင်)ကျောင်းတွင် ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲနို့တိုက်ကျွေးခြင်းအစီအစဉ်ကို ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

 

အထက(ဘုရင့်နောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသန်းက မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၃၀ဝ ခန့်ကို တစ်ကြိမ်တိုက်ရန်အတွက် ပဲပိစပ်ပဲလေးပိဿာ၊ သကြားသုံးပိဿာနှင့် နို့စိမ်းသုံးဘူး အသုံးပြုရကြောင်း ပဲပိစပ်ပဲများကို တစ်တင်းခွဲတစ်အိတ်လျှင် ကျပ်ငါးသောင်းခန့်ပေး၍ ဝယ်ယူရကြောင်း ယခုစာသင်နှစ်အတွင်း အကြိမ် ၂၀ ခန့်တိုက်ကျွေးပြီးကြောင်း ပြောကြားသည်။

 

ပဲနို့တိုက်ကျွေးခြင်းအစီအစဉ်ကို ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ဦးဆောင်၍ တစ်လလျှင် နှစ်ကြိမ်တိုက်ကျွေးခဲ့ကြောင်း သိရသည်။

 

ဇေယျာထွန်း(ကြို့ပင်ကောက်)