၂၄ ဇန်နဝါရီ

 

(၂၀-၁-၂၀၁၉ ရက်နေ့မှအဆက်) ၂၀-၁-၂၀၁၉ ရက်နေ့မှအဆက်) အစီအစဉ်မှူး။ ။ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနအနေနဲ့ အခြေခံပညာ  ကနေ တက္ကသိုလ်အဆင့်အထိ ကျောင်းသား ကျောင်းသူတွေ သုတေသနလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ဘယ်လိုမျိုး ဆွေးနွေးပံ့ပိုးကူညီပေးနေသလဲဆိုတာကိုလည်း ဆွေးနွေး ပေးပါဦး။

 

ဒေါက်တာဖြူဖြူဝင်း။ ။ အခြေခံပညာ အထက်တန်း ဒါက်တာဖြူဖြူဝင်း ကျောင်းတွေမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် သူတို့စိတ်ဝင်စားနိုင်တဲ့ သုတေသနလုပ်ငန်းတွေကို သိပ္ပံဆိုင်ရာပြပွဲတွေမှာ သွားရောက်ပြသပြီးတော့ သူတို့ရဲ့ စူးစမ်းချင်တဲ့စိတ်တွေကို မြှင့်တင်ပေးတာတွေ ဆောင်ရွက်ပေးပါတယ်။ တက္ကသိုလ် အဆင့်မှာတော့ ကျွန်မတို့ဌာနက ပံ့ပိုးပေးတာ အများကြီး ရှိပါတယ်။ နည်းပညာတက္ကသိုလ်တွေရော၊ ဝိဇ္ဇာနဲ့ သိပ္ပံ တက္ကသိုလ်တွေရော တက္ကသိုလ်အသီးသီးမှာ ပထမနှစ်ကနေ စပြီးတော့ နောက်ဆုံးနှစ်အထိ ကျောင်းသား ကျောင်းသူတွေဟာ ကျွန်မတို့ဌာနမှာ သူတို့ရဲ့သုတေသန တွေ စူးစမ်းဖို့ဆိုပြီး လာရောက်လေ့လာတာရှိပါတယ်။ နောက်ဆုံးနှစ်မှာ နှစ်လကနေ သုံးလအထိ လက်တွေ့ ကွင်းဆင်းဆောင်ရွက်ပြီး လက်တွေ့လာလုပ်တာရှိပါ တယ်။ သူတို့ရဲ့ ပါရဂူဘွဲ့နဲ့ မဟာဘွဲ့တွေအတွက်ကိုလည်း ကျွန်မတို့ဆီမှာ သုတေသနကျမ်းပြုတာတွေ လာလုပ်တာ ရှိပါတယ်။ ဆရာမတို့က ဘာကြောင့် ဒါတွေလုပ်လဲဆိုရင် တက္ကသိုလ်တွေနဲ့MOU ထိုးထားပါတယ်။MOU ထိုးထား တဲ့အတွက် သူတို့ရဲ့မဟာဘွဲ့တွေအတွက် ကျမ်းပြုဖို့အတွက် ကျွန်မတို့ဌာနမှာ သုတေသနဆောင်ရွက်လို့ရသလို ကျွန်မ တို့ဌာနမှာရှိတဲ့ စက်ပစ္စည်းကိရိယာတွေနဲ့လည်း သူတို့ကို ဓာတ်ခွဲစမ်းသပ်တာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်။

 

အစီအစဉ်မှူး။ University Research Institute ပူးပေါင်းလုပ်ကိုင်ရတဲ့ ရည်ရွယ် ချက်ရယ်၊ သုတေသနလုပ်မယ့် ဆရာ ဆရာမတွေ၊ကျောင်းသား ကျောင်းသူတွေရရှိမယ့် အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးပါဦး။

 

ဒေါက်တာဖြူဖြူဝင်း။ ။နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့၊  စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆိုရင် နည်းပညာက အလွန်အရေးကြီးပါတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်လည်း သုတေသနနဲ့ ဆန်းသစ်တီထွင်မှုတွေ ဆောင်ရွက်ဖို့လိုလာတယ်။ ဒါတွေ ဆောင်ရွက်တဲ့အခါမှာ တက္ကသိုလ်တွေ၊ သုတေသနဌာနတွေ၊ စက်မှုလုပ်ငန်းတွေရော ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့လိုလာပါတယ်။ ဒါကြောင့် URI Collaboration ကို လုပ်ခြင်းအားဖြင့် တက္ကသိုလ်မှာရှိတဲ့ ပါမောက္ခတွေ၊ ဆရာမတို့ဆီက သုတေသီတွေ၊ ပညာရှင်တွေ၊ ကုန်ထုတ်လုပ်ငန်းရှင်တွေရောဟာ နိုင်ငံ့အကျိုးပြု သုတေသနလိုလုပ်ငန်းတွေ၊ သူတို့ရဲ့ နိုင်ငံတကာဈေးကွက် ကိုထိုးဖောက်မယ့် စီးပွားရေးလုပ်ငန်းတွေနဲ့ လိုအပ်တဲ့ နည်းပညာတွေကို ဆရာမတို့က ပူးပေါင်းဆောင်ရွက် လိုက်တဲ့အတွက် သုတေသနလုပ်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ကုန်ကျစရိတ်တွေ၊ သုတေသနအသုံးစရိတ် တွေ၊ စက်ပစ္စည်းကိရိယာအတွက် လိုအပ်တဲ့စရိတ်တွေ လျှော့ချနိုင်တယ်။ သုတေသနလုပ်ငန်းတွေကို လျင်လျင် မြန်မြန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

အကျိုးကျေးဇူးတွေ ရလာ 

 

ဒီလို URI Collaboration လုပ်တဲ့အတွက်ကြောင့် ကျောင်းသား ကျောင်းသူများအနေနဲ့ သူတို့ဟာ တက္ကသိုလ်ပါမောက္ခတွေရယ်၊ သုတေသနပညာရှင်တွေ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက်ကြောင့် အများနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ Team Work စွမ်းဆောင်ရည် တွေမြင့်တက်လာနိုင်တယ်။ သူတို့ရဲ့ သုတေသနအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ ဒီသတင်းအချက် အလက်တွေရှာဖွေတဲ့စိတ်တွေ ပိုပြီးတော့ စွမ်းဆောင်ရည် မြင့်လာမယ်။ သူတို့ရဲ့ Idea တွ၊ ဖန်တီးနိုင်မှုတွေလည်း မြင့်တက်လာမယ်။ သူတို့ကိုယ် သူတို့လည်း လက်တွေ့ လုပ်ဆောင်တဲ့အတွက် အကျိုးကျေးဇူးတွေ ရလာတာ သိလာတဲ့အခါကျရင် သူတို့ဟာ အပြင်မှာလည်း တကယ့် အတွေ့အကြုံကောင်းတွေရလာတဲ့အတွက် သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိလာနိုင်တယ်။ နောက်ပြီးတော့ တက္ကသိုလ် ဆရာ ဆရာမများအနေနဲ့ သူတို့ရဲ့ သုတေသန စွမ်းဆောင်ရည်တွေလည်း ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် ပိုပြီးမြင့်မားလာမယ်။ နိုင်ငံတကာအဆင့်မီတဲ့ သုတေသန စာတမ်းတွေကို ဖတ်ကြားနိုင်မယ်။ ရေးသား လာနိုင်မယ်။ သူတို့ရဲ့သုတေသနလုပ်ခြင်းအားဖြင့် မူပိုင်ခွင့်တွေ ရရှိလာနိုင်မယ်။ ဒါကြောင့်မို့ တက္ကသိုလ်တစ်ခု ရဲ့ အဆင့်အတန်းလည်း မြင့်တက်လာနိုင်မယ်ဆိုတဲ့ အကျိုးကျေးဇူးတွေရလာနိုင်ပါတယ်။

 

ကူညီပံ့ပိုး

 

ကျွန်မတို့ဌာနကနေ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအတွက် ပံ့ပိုးပေးနိုင်တဲ့ သုတေသနလုပ်ငန်း တွေက ဘာတွေလဲဆိုရင် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ဖြစ်တဲ့ လေစွမ်းအင်၊ ဆိုလာ၊ ဇီဝဓာတ်ငွေ့ထုတ်တာတို့ ဘက်ထရီတည်ဆောက်ပြီး မီးထွန်းတာမျိုးတွေလည်း ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ အဲဒီအပြင် အီလက်ထရွန်နစ် နည်းပညာဆိုင်ရာသုတေသနလုပ်ငန်းတွေကိုလည်း ကူညီ ပံ့ပိုးပေးနိုင်ပါတယ်။ နောက်ပြီး ဓာတုဗေဒကိုအခြေခံသော စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်တဲ့ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ သုတေသနဆောင်ရွက်တာတွေလည်း ကျွန်မတို့ ကူညီနိုင် ပါတယ်။ ဝါးအလေအလွင့်၊ သစ်အလေအလွင့်ပစ္စည်းတွေ ကနေ Composis ထုတ်တာတွေလည်း ကူညီပေးနိုင် ပါတယ်။Nano နည်းပညာဆိုင်ရာသုတေသနလုပ်ငန်း တွေကိုလည်း တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ အတွက် စက်ပစ္စည်းတွေရော၊ သုတေသနလုပ်ငန်းတွေမှာ ရော ကျွန်မတို့က ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူတွေအတွက် ဆိုရင် ဆရာမတို့ဌာနကနေ ဘယ်လိုတွေကူညီပံ့ပိုးပေးနိုင်လဲဆိုရင် သူတို့ရဲ့ Curriculum မှာ ပါတဲ့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒတို့နဲ့ပတ်သက်တဲ့ လက်တွေ့လုပ်ဆောင် ချက်လေးတွေ၊ Equipment တွေ ကူညီပံ့ပိုးပေးနိုင်ပါ တယ်။ စဉ်းစားတွေးခေါ်ချင်တဲ့စိတ်တွေကို မြှင့်တင်ပေးဖို့ အတွက် သိပ္ပံပရောဂျက်တွေ၊ သုတေသနလုပ်ငန်း တွေမှာလည်း ဒီကျောင်းသား ကျောင်းသူတွေ အတွက် လက်တွေ့ပြသတာမျိုးတွေ ကူညီပံ့ပိုးပေး နိုင်ပါတယ်။

 

အစီအစဉ်မှူး။ ။ဟုတ်ကဲ့ပါ။ သုတေသနလုပ်ငန်းတွေကို တက္ကသိုလ်အဆင့်ကနေ နိုင်ငံ့အကျိုး တက္ကသိုလ်အဆင့်ကနေ နိုင်ငံ့အကျိုး ပြုလုပ်ငန်းတွေအထိ ဘယ်လိုမျိုးဆောင်ရွက်ရမလဲဆိုတာ  ဆွေးနွေးပေးပါဦး။

 


ဒေါက်တာသဲမောင်မောင်။ ။ သုတေသနလုပ်ငန်းတွေကို ဒါက်တာသဲမောင်မောင် တက္ကသိုလ်အဆင့်ကနေ နိုင်ငံ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ဆိုရင် ရှေ့က ဆရာကြီး ဆရာမကြီးတွေ ဆွေးနွေးခဲ့တဲ့ သုတေသနလုပ်ငန်း ဆောင်ရွက်ရာမှာ လိုအပ်ချက်တွေ၊ ကြိုးစားဆောင်ရွက် ရမယ့်ပုံစံတွေ၊ နိုင်ငံတကာနဲ့ဆိုင်တဲ့ ချိတ်ဆက်ဆောင်ရွက်မှု တွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ အဲဒီအချက်အလက်တွေ အတိုင်း ကြိုးစားဆောင်ရွက်ရမှာဖြစ်ပြီး တက္ကသိုလ် မှာရှိတဲ့ ဆရာမတွေက ပထမဆုံးသုတေသန လုပ်ငန်းတွေ ကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲဒီမှာ ကျောင်းသား ကျောင်းသူတွေက ပူးပေါင်းပါဝင်ပြီးတော့ လွတ်လပ်စွာ တီထွင်ဖန်တီးခွင့်တွေ၊ တွက်ချက်ပြီးတော့ နှိုင်းယှဉ်လေ့လာ ချက်တွေနဲ့ လက်တွေ့တည်ဆောက်မှု လုပ်ငန်းတွေကနေ စတင်ပြီးဆောင်ရွက်ရတာဖြစ်ပါတယ်။သုတေသန ခေါင်းစဉ်တွေကို ရွေးချယ်ရာမှာလည်း ရှေ့က ဆရာ ဆရာမကြီးတွေ ဆွေးနွေးခဲ့သလိုပဲ နိုင်ငံအတွက် လိုအပ်တဲ့ အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်တဲ့ သုတေသန ခေါင်းစဉ်တွေ၊ ဒေသန္တရအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက် နိုင်မယ့် သုတေသနခေါင်းစဉ်တွေကို ရွေးချယ် ရမှာဖြစ်တဲ့ အပြင် နိုင်ငံတကာနဲ့ အဆက်မပြတ်ဖွံ့ဖြိုး တိုးတက်နေတဲ့ နည်းပညာတွေကို လက်လှမ်းမီဖို့အတွက်ဆိုရင် သုတေသန လုပ်ငန်းတွေကို မျက်ခြည်မပြတ်ဆောင်ရွက် ရမှာဖြစ်ပါ တယ်။

 

ဘက်ပေါင်းစုံပြည့်စုံတဲ့ သုတေသန

 

 နောက်တစ်ခုကတော့ သုတေသနဆိုင်ရာလုပ်ငန်း အတွက် ခေါင်းစဉ်တွေ ရွေးချယ်တဲ့အခါမှာလည်း ဘက်ပေါင်းစုံ ပြည့်စုံတဲ့ သုတေသနခေါင်းစဉ်တစ်ခုဖြစ်ဖို့ဆိုရင် အထူးပြု ဘာသာရပ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ မိမိတက္ကသိုလ်မှာရှိတဲ့၊အခြားဌာနတွေမှာရှိတဲ့ အထူးပြုဘာသာရပ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ဘက်ပေါင်းစုံ ပြည့်စုံတဲ့ သုတေသနတစ်ခုဖြစ်ပြီးတော့ နိုင်ငံ့အကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသတက္ကသိုလ် မောင်းသူမဲ့ လေယာဉ် သုတေသနဌာနအနေနဲ့ကတော့ မောင်းသူမဲ့ လေယာဉ်တွေကို ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲပြီးတော့ မောင်းသူမဲ့ လေယာဉ်အမျိုးအစား ခုနစ်မျိုးကို တည်ဆောက်ပြီး အောင်မြင်စွာနဲ့ အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိပါတယ်။ အင်ဂျင်ပါဝါတပ်တဲ့ မောင်းသူမဲ့လေယာဉ်တွေ၊ Survey တိုင်းတာနိုင်တဲ့ မောင်းသူမဲ့လေယာဉ်တွေ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးချနိုင်တဲ့ ဆေးဖျန်းသုံး မောင်းသူမဲ့လေယာဉ်တွေ၊ စိုက်ပျိုးရေးရဲ့ သီးပင်တွေကို လေ့လာနိုင်တဲ့ ကင်မရာတပ်ဆင်ထားတဲ့ မောင်းသူမဲ့ လေယာဉ်အမျိုးအစားတွေကို တီထွင်စမ်းသပ်တည်ဆောက် ပြီးတော့ အကျိုးပြုလုပ်ငန်းတွေမှာ ဆောင်ရွက်လျက်ရှိပါတယ်။

 

ဝန်ကြီးဌာနရဲ့ အားပေးမှု

 

ကျွန်တော်တို့ သုတေသနဌာနအနေနဲ့ကတော့ ဝန်ကြီးဌာနရဲ့ အားပေးမှုနဲ့အတူ ဆောင်ရွက်လာတာဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံးမောင်းသူမဲ့စနစ်နဲ့ မိုင် ၂၀ ကို စမ်းသပ်မောင်းနှင်ပျံသန်းနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ စပြီးတော့ အကျိုးပြုလုပ်ငန်းတွေနဲ့ လျှပ်စစ်ဝန်ကြီးဌာန အတွက် လိုအပ်တဲ့ ၅၀ဝ ကေဗွီဓာတ်အားလိုင်း တည်ဆောက်မှု တောင်ငူကနေ ဘုရားကြီး ၁၉၂ ကီလိုမီတာ အကွာအဝေးကို မောင်းသူမဲ့လေယာဉ်ပျံသန်းပြီး ကောင်းကင်ဓာတ်ပုံရိုက် Servey တိုင်းတာပြီး မြေပုံထုတ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်။ မောင်းသူမဲ့လေယာဉ်နဲ့ မြေပုံထုတ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့ဟာက နည်း ပညာအသစ်ဖြစ်ပြီးတော့ နိုင်ငံမှာလည်း မောင်းသူမဲ့ လေယာဉ်တွေအသုံးချပြီးတော့ Detail တွေ၊Mapping တွေ ထုတ်လုပ်လျက်ရှိပါတယ်။ ပုံမှန်အားဖြင့် လူနဲ့ တိုင်းတာမယ်ဆိုရင်တော့ ရရှိလာမယ့်မြေပုံတွေဟာ တိကျမှုနည်းမယ်၊ ကုန်ကျစရိတ်တွေများမယ်၊ လူအင်အား တွေ အများကြီးအသုံးချရမှာဖြစ်ပါတယ်။ အချိန်တွေလည်း ကုန်မှာဖြစ်ပါတယ်။ မောင်းသူမဲ့လေယာဉ်တွေ အသုံးချပြီး တော့ မြေပုံတိုင်းတာတဲ့အခါမှာ အချိန်တိုအတွင်းမှာပဲ တိကျတဲ့Detail တွေ၊Mapping တွေ ရရှိမှာဖြစ်ပါတယ်။ ဒီနည်းပညာအသစ်တွေကိုလည်း တီထွင်စမ်းသပ်ပြီးတော့ အကျိုးပြုလုပ်ငန်းတွေမှာ ဆောင်ရွက်ပေးလျက် ရှိပါတယ်။


မောင်းသူမဲ့လေယာဉ် 

 

 ၂၀၁၆ ပုဂံငလျင်မှာဆိုရင်လည်း ပုဂံ-ညောင်ဦး ဧရိယာကြီးတစ်ခုလုံးကို သာသနာရေးဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ကျွန်တော်တို့တက္ကသိုလ်ကနေ သွားရောက်ပြီးတော့ Survery တိုင်းတာခြင်း၊ Damage Assessment လုပ်ငန်း တွေအတွက်၊World Heritage လုပ်ငန်းတွေအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း INGO အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့ FAO နဲ့ပူးပေါင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအတွက် မောင်းသူမဲ့လေယာဉ်လေးစီး တည်ဆောက်ပြီးတော့ Survey တိုင်းတာခြင်းနဲ့ သီးနှံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် တည်ဆောက်ပြီး သင်တန်း ပေးတာတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန နဲ့ပူးပေါင်းပြီးတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း တွေမှာလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ FAO နဲ့ညှိပြီး ကျွန်တော်တို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး စတဲ့ ရေဘေးသင့်ဒေသတွေ၊ မြေပြိုတဲ့ဒေသတွေမှာ မောင်းသူမဲ့လေယာဉ်အသုံးချပြီးတော့ Damage Assessment  လုပ်တဲ့လုပ်ငန်းတွေနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ မောင်းသူမဲ့လေယာဉ် တွေကို အသုံးချပြီးတော့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက်လည်း တံတား တည်ဆောက်ရေးလုပ်ငန်းတွေ၊ လမ်းအူကြောင်း ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

 

ဘဏ္ဍာငွေများကို ထည့်ဝင်ပေးနိုင်ခဲ့ 

 

 လက်ရှိဆောင်ရွက်နေတာကတော့ မန္တလေးစည်ပင် သာယာရေးကော်မတီကနေပြီးတော့ ပညာရေးဝန်ကြီးဌာန ကို အကူအညီတောင်းခံမှုနဲ့ မန္တလေးတစ်မြို့လုံး ဧက ၄၈၀ဝဝ ကျော်ကို မောင်းသူမဲ့လေယာဉ် အသုံးချပြီးတော့ မြေပုံထုတ်ပါတယ်။ မြေပုံထုတ်ပြီးရရှိလာတဲ့ မြေပုံကနေ တစ်ဆင့် စည်ပင်သာယာနဲ့ဆိုင်တဲ့အချက်အလက်တွေ၊ ရေသွင်းရေထုတ်နဲ့ ဆိုင်တဲ့အချက်အလက်တွေ၊Smart City နဲ့ ဆိုင်တဲ့အချက်အလက်တွေ၊ e-Government နဲ့ဆိုင်တဲ့အချက်အလက်တွေ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်အဆင့် သုတေသနလုပ်ငန်းတွေကနေတစ်ဆင့် အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ရှေ့က ဆရာ ဆရာမကြီးတွေ တင်ပြခဲ့သလို လိုအပ်တဲ့ကြိုးစား ဆောင်ရွက်မှုတွေကို အထူးကြိုးစားဆောင်ရွက်ပြီးတော့ ရရှိလာမယ့် သုတေသနထုတ်ကုန်တွေကို နိုင်ငံ့အကျိုးပြု လုပ်ငန်းတွေအတွက် ကြိုးစားဆောင်ရွက်နေတာကို တင်ပြလိုပါတယ်။

 

ကျွန်တော်တို့ရဲ့ သုတေသနလုပ်ငန်းတွေ၊ သုတေသန ဆောင်ရွက်ထားတဲ့ မောင်းသူမဲ့လေယာဉ်တွေကို အစိုးရ ဝန်ကြီးဌာနတွေအပြင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း၊ ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာPPP စနစ်နဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေရှိပါတယ်။ ပရောဂျက်လုပ်ငန်းတွေကနေ တစ်ဆင့်လည်း နိုင်ငံ့အတွက် ဘဏ္ဍာငွေများကို သုတေသနလုပ်ငန်းကနေပြီး ထည့်ဝင်ပေးနိုင်ခဲ့ ပါတယ်။

 

အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ပါ။ ဒီကနေ့ ဆွေးနွေးချက်တွေထဲကနေပြီးတော့  ဖြည့်စွက်ဆွေးနွေးလိုတာရှိရင်လည်း ဆွေးနွေးပေးပါဦး။ 

 

ဒေါက်တာသိင်္ဂီ။ ။ တက္ကသိုလ်အဆင့်တောင်မကဘဲနဲ့  အခြေခံကနေစပြီးတော့ ကျောင်းသား ကျောင်းသူတွေအားလုံးအတွက် Eye Research Support Center ပေါ်ပေါက်လာစေချင်ပါတယ်။ နောက်တစ်ခုက ပြည်တွင်းကနေရရှိတဲ့ ရန်ပုံငွေတွေတင်မကဘဲ ပြည်ပ ကပါ သုတေသနရန်ပုံငွေတွေကို တောင်းခံလာနိုင်မယ့်Research ကော်မတီတွေကိုလည်း ဖွဲ့စည်းစေချင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ သုတေသန လုပ်ငန်းတွေကနေ စုစုစည်းစည်းနဲ့ အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်ဖို့National Research Council လိုမျိုး ပေါ်ပေါက်လာစေချင်ပါတယ်။ 

 

အစီအစဉ်မှူး။  ။ ဟုတ်ကဲ့ပါ။  ကျေးဇူးအထူး တင်ပါတယ်။

 

နိုင်လင်းကြည်