မြစ်သား ၆ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ ရွှေမုဌောဘုရားကြီး၏ (၁၂၉) ကြိမ်မြောက် တပို့တွဲ (နှမ်းမနဲ)ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စေရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ရွှေမုဌောဘုရားဂေါပကအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စာပေပွဲတော်နှင့် စာအုပ်ဈေးရောင်း ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရွှေမုဌောဘုရားကွင်း၌ ကျင်းပပြုလုပ်ရာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်း၊ ရွှေမုဌောဘုရားဂေါပကအဖွဲ့ဉက္ကဌ ဦးတင်ဦးတို့က တက်ရောက် အမှာစကားပြောကြားကြပြီး အခမ်းအနား အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

9

           

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက ခင်းကျင်းပြသထားသော စာအုပ် ဈေးရောင်းပွဲတော်ရှိ စာအုပ်ဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

 

 

ထို့နောက် ရွှေမုဌောဘုရားဓမ္မာရုံ(အပေါ်ထပ်)တွင် လူငယ်စာပေပွဲတော်အဖြစ် မူကြိုအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲ၊ မူ/လယ်အဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများကို ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။

 

69

 

 

အဆိုပါ ပြိုင်ပွဲသို့ မြစ်သားမြို့ပေါ်ရှိ ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၁၅၈) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဆုရရှိသော ကျောင်းသား ကျောင်းသူများကို  ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၁ နာရီတွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)