ကျောင်းသားများကို ဓားဖြင့်ထိုးသည့် သံသယရှိသူ၏နေအိမ်ကို ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ

ဂျပန်နိုင်ငံတွင် အင်္ဂါနေ့က ဘတ်စ်ကားတစ်စင်းစောင့်ဆိုင်းနေသည့် ကျောင်းသားကလေးများကို လူတစ်ဦးက ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့ရာ သံသယဖြစ်ဖွယ် ထိုအမျိုးသား၏နေအိမ်ကို ဂျပန်နိုင်ငံရဲတပ်ဖွဲ့က ရှာဖွေလျက်ရှိသည်။

စုံစမ်းစစ်ဆေးမှု၏ ရလဒ်များကို သက်သေအထောက်အထားများ စုဆောင်းနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးမှူးများသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တိုကျိုမြို့အနီး ကာဝါဆကီမြို့ရှိ အိုင်ဝါဆကီ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည်။

အိုင်ဝါဆကီသည် ကာဝါဆကီလမ်းပေါ်တွင် ဓားဖြင့်ထိုးခဲ့ရာ အသက်၁၁နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးတို့ သေဆုံးခဲ့သည်။ ကျောင်းသား ၁၇ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

အသက် ၅၁ နှစ်အရွယ် သံသယဖြစ်ဖွယ် အဆိုပါ အမျိုးသားသည် ကလေးအုပ်အတွင်း ဝင်ရောက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ အဆိုပါ တရားခံသည် သူကိုယ်သူ ဓားဖြင့်ထိုး အဆုံးစီရင်သွားခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်