တိုက်ကြီး ၁၅ ဇွန်
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် သမဝါယမအသင်းစု၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ရင်းတိုက်ကွင်းကျေးရွာရှိ ကောင်းသန့်အောင်မျိုးစေ့ထုတ် သမဝါယမအသင်း၏ အသင်းသားများမှ အသင်းပိုင် လယ်ဧက(၁၀၅) ဧကပေါ်တွင် ရတနာတိုးနှင့် ဆင်းသုခ မျိုးကောင်းမျိုးသန့်စပါးများကို စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ မျိုးစပါးတင်းပေါင်း(၇၈၇၅)တင်း ထွက်ရှိခဲ့သည်။
သို့ဖြစ်ရာ တောင်သူလယ်သမားများ စပါးအထွက်နှုန်း ကောင်းမွန်ရန်နှင့် ဈေးကွက်ဝယ်လိုအားအရ ပြန်လည် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် တိုက်ကြီးမြို့နယ်အတွင်းနှင့် ပြင်ပရှိ တောင်သူများအား မျိုးကောင်း မျိုးသန့်စပါး တစ်တင်းလျှင် ငွေကျပ် (၉၀၀၀)နှုန်းနှင့် ပြင်ပ ပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သိရှိရသည်။
MDN


