ကော့ကရိတ် ၇ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဉီးစီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာနတို့သည် ကျောင်းသူ ကျောင်းသား များကို ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရေး ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသခြင်းကို မြောက်ကြာအင်းကျေးရွာ မူလတန်းလွန် ကျောင်းတွင် ယမန်နေ့ နံနက် ၁၀ နာရီချိန်က ကျင်းပသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဉီးစီးဌာန ဉီးစီးမှူးဉီးသက်လွင်က အစားအသောက်နှင့် ဆိုင်သည့် ကျန်းမာရေး အသိပညာပေးကိုလည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဉီးစီးဌာန ဒုဉီးစီး ဉီးထွန်းထွန်းနိုင်က သဘာဝဘေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနဒုဉီးစီး ဒေါ်ခင်မျိုးဝင်းက အမျိုးသားနေ့ ပေါ်ပေါက်လာပုံ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊စာကြည့်တိုက်မှူး ဒေါ်ဇာခြည်ဝင်းက စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ အကြောင်းနှင့် စာဖတ်ခြင်းအကျိုးတို့ကို လည်းကောင်း အသိပညာပေးဟောပြောကြသည်။
ထို့နောက် ကျောင်းသူကျောင်းသားများသည် ပြန်ဆက်ဉီးစီးဌာနမှပြသသည့် လူမှောင်ခို လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးသူငယ် ကာကွယ်ပေးဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး နံရံကပ် စာစောင်ဓါတ်ပုံများကို စိတ်ဝင်းစားစွာ ကြည့်ရှုကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ကော့ကရိတ်ပြန်ဆက်)


