စစ်တွေ မတ် ၁၉
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် (နဝမတန်း) အထိ ကျောင်းတွင်းစစ် အတန်းပြီးမြောက်မှု စာမေးပွဲများကို မတ် ၁၇ ရက်မှ စတင်ကာဖြေဆိုလျက်ရှိရာ စစ်တွေမြို့နယ်၌ အလယ်တန်းပြီးမြောက်စာမေးပွဲ (Grade-9)တွင် ကျောင်းသား ကျောင်းသူ ၂၇၃၈ ဦး ဖြေဆိုလျက်ရှိသည်။
စစ်တွေမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၃၈ ကျောင်းရှိပြီး အလယ်တန်းပြီးမြောက်စာမေးပွဲ (Grade-9) စာမေးပွဲကို အခြေခံပညာ အထက်တန်းကျောင်း ၃၀ တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းလေးကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။
တင်ထွန်း(ပြန်/ဆက်)


