ကော့သောင်း ၁၇   ဧပြီ

 

နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ဖြင့် ဧပြီလ(၁၇) ရက် နံနက်ပိုင်းက တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းအကျဉ်းထောင် မှ အကျဉ်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီး လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

111111

 

လွတ်ငြိမ်းသက်သာခွင့်ရ အကျဉ်းသား/သူများအား ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးနေဦးနှင့် ကော်မတီဝင်များ၊ အမှတ်(၁၃) ခုတင် (၁၀ဝ)ဆေးတပ်ဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ  စနစ်တကျ ဆောင်ရွက်ပေးကြပြီး တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြားခဲ့ကြ၍ ထောင်လွှတ်လက်မှတ်နှင့် ခရီးစရိတ်ငွေများ ပေးအပ်ခဲ့ကာ အကျဉ်းထောင်မှလွှတ်ပေးခဲ့ကြသည်။

 

1132

 

လွှတ်ငြိမ်းခွင့်ရ ကော့သောင်းအကျဉ်းထောင်မှ နိုင်ငံခြားသား(၉)ဦး အပါအဝင် မြန်မာနိုင်ငံသား အကျဉ်းသားဦးရေ (၂၄၀) ဖြစ်ပြီး စုစုပေါင်း (၂၄၉)ဦးဖြစ်ကာ လွတ်ငြိမ်းခွင့်ရသူများအားလုံးကို မိမိနေရပ် အသီးသီးသို့ မော်တော်ယာဉ်များဖြင့် အိမ်အရောက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

 

1143

 

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသား အကျဉ်းသားများထဲမှ  နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်ငြိမ်းခွင့်ပြုသူ (၂၄၈၉၆)ဦးအနက် တနင်္သာရီတိုင်း တစ်ခုလုံးအနေဖြင့်အကျဉ်းသား(၁၁၃၅)ဦးဖြစ်၍ ကော့သောင်း အကျဉ်းထောင်မှ (၂၄၉)ဦးဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)

 

11450