ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်နှင့်အလှကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ကော့သောင်း ၆  အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီး၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန နှင့် ကော့သောင်းမြို့နယ် Woman Club အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း သင်တန်းဖွင့်ပွဲ အခမ်း အနားအား အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဦး စီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင်ပြုလုပ်ကျင်းပသည်။

သင်တန်းသည် သွင်းကုန်အစားထိုးနိုင်ရန်ရည်ရွယ်ကြောင်း၊ လူသုံးကုန်ပစ္စည်းများသည် ဓာတုဗေဒပစ္စည်း များကို ရောစပ်ထုတ်လုပ်ခြင်းဖြစ်ရာ ဘေးဥပါဒ်အန္တရာယ်မဖြစ်စေရန် စာတွေ့လက်တွေ့ အစီအစဉ်များဖြင့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်ခြင်း အခြေခံနည်းလမ်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ မိမိ၏ သင်ကြားတတ်မြောက်မှုအပေါ်အခြေခံကာ ထုတ်ကုန်ပစ္စည်းများ ကျယ်ကျယ်ပြန့်ပြန့် ဆင့်ပွားထုတ်လုပ်ဖြန့် ချိခြင်းဖြင့် မိသားစုစီးပွားဘဝတိုးတက်လာနိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ် ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းက သင်တန်းဖွင့်ပွဲအမှာစကားတွင် ထည့်သွင်းပြော ကြားသည်။

ယင်းနောက် ကော့သောင်းမြို့နယ် Woman Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်မေသဇင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဒေါ်ဇင်ဇင်အေးက လူသုံးကုန်နှင့် အလှကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းအား မြို့ပြနှင့်ကျေးလက်ဒေသနေ အမျိုးသမီးများ ဘဝမြှင့်မားတိုးတက်လာရေး ၊ အတတ် ပညာတစ်ရပ်အနေဖြင့် မိသားစုဘဝရပ်တည်နိုင်မည့်  စီးပွားရေးလုပ်ငန်းများချဲ့ထွင်လုပ်ကိုင်နိုင်ရေး ရည်ရွယ် ကာ ကော့သောင်းမြို့နယ် Woman Club အဖွဲ့ဝင်အမျိုးသမီးများ ၊ မြို့ပေါ်ရပ်ကွက် နှင့်ကျေးလက် ဒေသနေအမျိုးသမီး သင်တန်းသူ (၁၅) ဦးအား ၊ ပန်းကန်ဆေး ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခရင်၊ မှန်ကြည်ဆေးရည်၊ ဆပ်ပြာမွှေးအခဲ၊ စနှိုးခရင်၊ ဘော်ဒီလိုးရှင်း၊ Hair Jel ၊ လက်သန့်ဆေးရည် ပြုလုပ်နည်းများအား သင်တန်းကာလ(၅)ရက်ကြာ တနင်္သာရီတိုင်းဒေသကြီး၊ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

 

ကျော်စိုး (ကော့သောင်း)