ကော့သောင်း ၁၆ ဇွန်
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ခရိုင်ရုံးစာကြည့်တိုက်သို့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ခရိုင်ရုံး စာကြည့်တိုက်တွင် အသုံးပြုနိုင်ရေး လက်ဆေးဆပ်ပြာ၊ Hand Sanitizer ၊ Hand Gel ၊ Surgical Mask ၊ အဝတ် Mask နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး အသိပညာပေး လက်ကမ်း စာစောင်များအား NGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကော့သောင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း(FED) အဖွဲ့မှ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ရာ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
အဆိုပါ ပစ္စည်းများကို ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြမည့် စာဖတ်ပရိတ်သတ်များ အတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများတွင် စနစ်တကျ အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


