ကော့သောင်း  ၂၆  ဧပြီ  

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း  တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူလျှက်ရှိသည့် လူနာများအား အာဟာရဖြစ်ဖွယ် အစားအသောက်ပစ္စည်းများကို စရဖ(ရေ)-၂ တပ်ဖွဲ့မှ   ယမန်နေ့နံနက်ပိုင်းက  လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းမှုတွင် ကော့သောင်းအခြေစိုက်၊ စရဖ(ရေ)-၂ တပ်ဖွဲ့မှ   ဗိုလ်မှူးကြီး မြင့်လှိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း  ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျှက်ရှိသည့် လူနာများ နေထိုင် စားသောက်မှုအခက်အခဲများအား တစ်စိတ်တစ်ဒေသအဖြစ် အဆင်ပြေစေရေး ရည်ရွယ်ကာ ဘီစကွက်မှုန့်ခြောက်၊ အသင့်စားခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် အဟာရဖြစ်ဖွယ် အစားအစာပစ္စည်းများအား ကုသမှု ခံယူလျှက်ရှိသည့် လူနာများအားတစ်ဦးခြင်းစီသို့ လက်ရောက်လိုက်လံ ပေးအပ်လှူဒါန်း ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)