ကော့သောင်း ၁၈  အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကော့သောင်းမြို့၊ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် We Save Kawthaung အဖွဲ့မှ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လုပ်ငန်းသုံး ပစ္စည်းဖြစ်သည့် Swab Box တစ်ခုကို ယမန်နေ့ညနေပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ Swab Box ကို ပြည်တွင်းကူးစက်မှု မြင့်တက်လာနေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများ မြို့နယ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ကော့သောင်းမြို့သို့ မော်တော်ယာဉ်များဖြင့် အခြားမြို့နယ်များမှ ဝင်ရောက်လာသူများအား မြို့အဝင် စစ်ဆေးရေးဂိတ်တွင် Swab နမူနာယူကာ ရောဂါစစ်ဆေးမှုလုပ်ငန်းများ သတိပြုဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ အပါအဝင် အခြားသူများအား ရောဂါကူးစစ်မှုမဖြစ်ပေါ်စေရေး Swabန မူနာရယူခြင်းလုပ်ငန်းများတွင် လုံခြုံစိတ်ချစွာစစ်ဆေး အသုံးပြုနိုင်ရေး ကော့သောင်းမြို့၊ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် We Save Kawthaung အဖွဲ့မှ လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)

 

mdn