ကော့သောင်းခရိုင်မှ ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့ရောင်းချသူများနှင့် စားသောက်ကုန် သွားရောက်ဝယ်ယူတင်သွင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်

ကော့သောင်း ၆   ဧပြီ 

ယနေ့ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်ကူးစက်ပျံ့ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကြောင့် မြန်မာထိုင်းနယ်စပ်ဒေသများမှ ကူးသန်းသွားလာမှုများ တားမြစ်ပိတ်သိမ်းထားသော်လည်း ကုန်စည်စီးဆင်းမှုမပြတ်တောက်ရေး အပြန်အလှန် ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများအား အကန့်အသတ်ဖြင့် ဆက်လက်ဆောင်ရွက်ခွင့်ပြုထားရာ မြန်မာထိုင်းနယ်စပ်ဖြစ်သည့် ကော့သောင်း-ရနောင်း ရေထွက်ပစ္စည်း နေ့စဉ်တင်ပို့ရောင်းချမှုအား ရောဂါထိန်းချုပ်ကာကွယ်မှု လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

‌ေ

 

မြန်မာနိုင်ငံတောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ကော့သောင်းမြို့သည် ရေထွက်ကုန်ပစ္စည်းမှလွဲ၍ ဒေသထွက်ကုန် များပြားစွာမရှိသည့် မြို့ဖြစ်သည့်နှင့်လျော်ညီစွာ ရေထွက်ပစ္စည်းများအား ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ တင်ပို့ရောင်းချမှုနှင့် အသီးအရွက်၊ သားငါးနှင့် စားသောက်ကုန်ခြောက်တချို့အား တစ်ဖက်ထိုင်းနိုင်ငံ ရနောင်းမြို့မှ တစ်ဆင့်ဝယ်ယူတင်သွင်းမှုများ အပြန်အလှန်ဆောင်ရွက်လျက်ရှိရာ  နေ့စဉ်ရေထွက်ပစ္စည်းများအား နိုင်ငံခြား ငါးသယ်လိုင်စင်၊ Port Clearance ၊ T B P ၊ ED တို့ဖြင့် သွားရောက်တင်ပို့ရောင်းချမည့်သူများနှင့် တစ်ဖက်နိုင်ငံမှ စားသောက်ကုန်များ သွားရောက်ဝယ်ယူ တင်သွင်းမည့်သူများအား ရောဂါကူးစက်မှုမြှင့်မားလျက်ရှိသည့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရမည်ဖြစ်သဖြင့်  ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ကြီးကြပ်မှုဖြင့် အထွက်တွင် လူဦးရေစာရင်းဖြင့် တိကျစွာ ထိန်းချုပ်ကန့်သတ်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးကာ  တစ်ဖက်နိုင်ငံမှ ပြန်အဝင်တွင် ထပ်မံ၍ကျန်းမာရေးစစ်ဆေးခြင်းနှင့် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ လှေကြုံလိုက်ပါပြန်လည်ဝင်ရောက်လာခြင်း ရှိမရှိ ကြပ်မတ်စစ်ဆေးလျက်ရှိပြီး       ထိုင်းနိုင်ငံရနောင်း ခရိုင်ဘက်ကလည်း ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်ထွက်ခွင့်မပြုသည့် အမိန့်ထုတ်ပြန်ထားပြီးဖြစ်ရာ မြန်မာနိုင်ငံဘက်မှ ကုန်စည်ပို့ဆောင်ရောင်းချ၊ တင်သွင်းသူများ ဝင်ထွက်မှုတွင် ခွင့်ပြုဦးရေထက် လျော့နည်းသွားခြင်း တိုးလာခြင်းများအား နှစ်နိုင်ငံဒေသအာဏာပိုင်များမှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေး စနစ်တကျ သတိပြုကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

‌ေ

 

ကျော်စိုး (ကော့သောင်း)