ကော့သောင်း  ၁၈   ဇွန် 

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီး သို့  ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး လုပ်ငန်းသုံးပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်း မှ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းမှုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်  ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်လုပ်ငန်းသုံး ပစ္စည်းများ ဖြစ်သည့် Syring Punp (၁)ခု၊ Surgical Mask (၄၄၈) ခု၊ Examination Golves (၁)ဘူး၊ Surgical Golves(၃၆)ခု၊ Goggle (၆)ခု၊ Face Shield (၆၂)ခု၊ OT Cap (၁၂၄)ခု၊ OT Gown (၆၂)ခု၊ တို့အား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းသူထက်က လွှဲပြောင်းပေးအပ်လှူဒါန်းရာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်နှင့် တာဝန်ရှိသူတို့ ကလက်ခံရယူခဲ့ကြပြီး အဆိုပါပစ္စည်းများအား ကော့သောင်း ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် စနစ်တကျ အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)