ကော့သောင်း  ၁၉  ဧပြီ  

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့  (ကိုဗစ်-၁၉) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး လုပ်ငန်းသုံးပစ္စည်းများအား ယမန်နေ့ မွန်းလွဲပိုင်းက ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်း မှ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

250

 

လှူဒါန်းမှုတွင် (ကိုဗစ်-၁၉) ရောဂါ ကာကွယ်  ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်လုပ်ငန်း သုံး ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ(၁၀ဝ)၊ N-95Mask (၁၂၀)၊ Surgical Mask(၅၀ဝ)၊ Goggles မျက်မှန် (၃၀)၊ Surgical Golves လက်အိတ်(၂၀) ၊ ဆေးဝါးကုသမှုခံယူလျှက်ရှိသည့်လူနာများစားသုံးရန် အာဟာရဖြစ်ဖွယ် အစားအစာပစ္စည်းများနှင့် ကွန်းခိုရာ Haven Foundation မှ လှူဒါန်းသည့် Aerospace Changfeng Medical Acm821A Ventilatpr အရေးပေါ်အသက်ရှူစက်(၁)လုံး  အား ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဝေလင်းက လွဲပြောင်းပေးအပ်လှူဒါန်းရာ ကော့သောင်းမြို့နယ်COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်တို့ကလက်ခံရယူခဲ့ကြသည်။

 

8520

 

အဆိုပါ ပစ္စည်းများအား ကော့သောင်းခရိုင်အတွင်း(COVID-19) ရောဂါ ကာကွယ်  ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် စနစ်တကျ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)

 

96