ကော့သောင်း ၊   ၁၅  ဒီဇင်ဘာ
 
မြို့ခံပရဟိအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့ ဘုရင့်နောင်ရုပ်တုကုန်းမြေ အပန်းဖြေရင်ပြင် ပတ်ဝန်းကျင်တစ်ဝိုက်  သန့်ရှင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘုရင့်နောင်ရုပ်တုကုန်းမြေ အပန်းဖြေရင်ပြင်သည် ကော့သောင်းမြိုသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များအတွက် အပန်းဖြေရာနေရာတစ်ခုဖြစ်သကဲ့သို့ မြို့နေပြည်သူများအနားယူရာ ကျန်းမာရေးလေ့ကျင့်မှုများ ဆောင်ရွက်ရာနေရာတစ်ခုလည်းဖြစ်သည်။

အဆိုပါ ပတ်ဝန်းကျင်တစ်ဝိုက်တွင် စည်းကမ်းမဲ့  အမှိုက်စွန့်ပစ်မှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့ရသဖြင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး ရည်ရွယ်ကာ မြို့ခံကမ်းနီးအဖြူရောင် ပရဟိတအဖွဲ့မှ အမှိုက်များလိုက်လံသိမ်းဆည်းကာ မော်တော်ယာဉ်များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်နေရာများသို့ စနစ်တကျစွန့်ပစ်မှုလုပ်ငန်းများအား  စုပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။ 

ကျော်စိုး (ကော့သောင်း)