ကော့သောင်းမြို့ သင်္ကြန်အတက်နေ့  တစ်မြို့လုံးအထူးစည်ကား

ကော့သောင်း ၁၆ ဧပြီ 

 


၂၀၁၉   ခုနှစ်  ဧပြီ ၁၆  ရက် သင်္ကြန်အတက်နေ့အဖြစ်  ကော့သောင်း မြို့သူမြို့သားများ အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာ ရေကစားကြကြောင်း သိရသည်။

 

ိိ


ကော့သောင်းမြို့၏  မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် နံနက် ၈ နာရီမှစတင်၍  နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်နှင့် တေးသံရှင်များ၊ ခေတ်ပေါ် တေးဂီတအဖွဲ့များ၊ ရပ်ကွက်အလိုက်  မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအကအဖွဲ့များမှ ဧည့်ခံကပြသီဆိုဖျော်ဖြေကြပြီး စတုတိသာ အကျွေးမွေးမှု အစီအစဉ်များအား မြို့နေမိဘပြည်သူများ၊ လူငယ် လူရွယ်များ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲခဲ့ကြသည်။

 

ိိ


ထို့အပြင်  မော်တော်ယဉ်များဖြင့် လှည့်လည်ရေပက်ခံထွက်ကြသည့် မိသားစုများ အထူးအများအပြား ပါဝင်ဆင်နွဲခဲ့ကြပြီး မြို့သို့လာရောက်လည်ပတ်ကြသည့် ဧည့်သည်များမှလည်း လမ်းလျှောက်သင်္ကြန် နွှဲပျော်ကြခြင်း၊ ပင်လယ်ကျွန်းများသို့ အပန်းဖြေထွက်ခြင်းများဖြင့် မြန်မာ့ရိုးရာသင်္ကြန် နောက်ဆုံးနေ့အား ပျော်ရွှင်စွာ ဖြတ်သန်းကြကြောင်း သိရသည်။

 


ကျော်စိုး (ကော့သောင်း)