ကော့သောင်း  ၁၉  ဧပြီ

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်မှုရှိစေရန် ပရဟိတအဖွဲ့ တစ်ခုဖြစ်သည့် We Save Kawthaung အဖွဲ့မှ ကော့သောင်းမြို့၌ နှာခေါင်းစည်း Mask များကို  အမြတ်အစွန်း မယူအရှူံးခံကာ ဈေးနှုန်းချိုသာစွာရောင်းချပေးလျှက် မြို့၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ဝိုင်းဝန်းပါဝင်ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

632

 

အဆိုပါ ပရဟိတအဖွဲ့သည် မိမိတို့မြို့ပြည်သူများ လူတိုင်းနှာခေါင်းစည်းတပ်ဆင်ခြင်းဖြင့် ရောဂါကူးစက် ပြန့်ပွားမှုလျော့နည်းစေရန် လှူဒါန်းသည့်အနေဖြင့် အမြတ်အစွန်း မယူဘဲ ရောင်းချပေးခြင်းဖြစ်ကြောင်း ၊နှာခေါင်းစည်းများရေရှည် အရှူံးခံ ဖြန့်ဖြူးရောင်းချနိုင်ရေး မိမိတို့အဖွဲ့အား  ပူးပေါင်းအားဖြည့်ပံ့ပိုး လိုသည့် မည်သည့်အလှူရှင်မဆို ဖိတ်ခေါ်ကြိုဆိုပါကြောင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

3214

 

ရောဂါကာကွယ်မှုအဖြစ် မြို့နေပြည်သူများ အပြင်ထွက်ပါက နှာခေါင်းစည်းများတပ်ဆင်ကြရန်  ဒေသန္တရ အမိန့်ကြေငြာချက်များ ထုတ်ပြန်ထားသဖြင့် နှာခေါင်းစည်း ဈေးနှုန်းများမြင့်တက်ကာ ဝယ်ယူ ရရှိမှု အခက်အခဲများ ဖြစ်ပေါ်နေသဖြင့်  တစ်ခါသုံး Surgical Mask (၁)ခုလျှင်(၃၀ဝ)ကျပ်၊ အဝတ် Mask(၂)ခုလျှင် (၅၀ဝ)ကျပ်ဖြင့် မြို့နေပြည်သူတိုင်းရရှိ တပ်ဆင် အသုံးပြုနိုင်ရေး လူတစ်ဦးလျှင်(၂)ခုစီ နှုန်းဖြင့် အမြတ်အစွန်း မယူအရှူံးခံကာရောင်းချ ပေးလျက်ရှိကြောင်း၊ နှာခေါင်းစည်းများကို နံနက်ပိုင်း၌ အများပြည်သူအသွားအလာများပြားရာ မြို့မဈေးရှေ့နှင့် ကမ်းနားလမ်း တို့၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အေးရိပ်ငြိမ်ရပ်ကွက်၊ ညနေဈေးရှေ့နှင့် ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်ဈေးရှေ့တို့၌ နေ့စဉ် ရောင်းချပေးလျှက် ကော့သောင်းမြို့၏ Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပရဟိတစိတ်ထားဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)

 

741