ကော့သောင်း ၁ စက်တင်ဘာ
၂၀၁၉ခုနှစ် Township Sports Development Programme (TSDP) အစီအစဉ်အရ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌဖလား ကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲနှင့် Myanmar Physical Fitness Dance ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင်ပွဲအား စက်တင်ဘာလ ၁ ရက် နံနက်၉နာရီက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ကြက်တောင်အားကစားခန်းမတွင် ကျင်းပသည်။
ပြိုင်ပွဲတွင် ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အခြေခံပညာကျောင်း(၁၃)ကျောင်းမှ အေရိုးဗစ်ပြိုင်ပွဲဝင်အသင်း(၁၃)သင်း နှင့် Myanmar Physical Fitness Dance ပြိုင်ပွဲအသင်း(၁၃)သင်းတို့ သည့် သြဂုတ်လ ၃၁ ရက်နေ့ မှစတင်ကာ ပြိုင်ပွဲဝင်ခဲ့ကြပြီး ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြိုင်ပွဲနှစ်ရပ်လုံးဗိုလ်လုပွဲများအား ဆက်လက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲနှစ်ရပ်လုံးတွင် ပထမဆုအဖြစ် အလက(ခွဲ)ရွှေဇင်ယော်(၁) ကျောင်းမှဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
ဆုပေးပွဲအခမ်းအနားတွင် ကော့သောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲနှစ်ရပ်လုံးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသည့် အသင်းများအား လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသတင်းရရှိသည်။
ကျော်စိုး(ကော့သောင်း)