နေပြည်တော် မတ် ၁၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခြောက်လ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံ ငွေကျပ် ၁၃၆ ဒသမ ၀၀၈ သန်းဖြင့် May Tech Tonic ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ကော့သောင်းမြို့နယ်၊ ချန်းဖမ်း-ဟတ်စဒင်း ကျေးရွာချင်းဆက်လမ်း ၉/၀ မိုင်အနက် ၁/၀ မိုင် ကျောက်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ထားဝယ်)၊ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
သတင်းစဉ်


