ကော့သောင်း ၁၅  ဇွန်

 

ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မဲဆန္ဒနယ်အတွင်းအပြင် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ အခြေခံမဲဆန္ဒရှင် စာရင်းကောက်ယူပြုစုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  ဦးစီးအရာရှိ ဦးဟိန်းဇော်မြင့်က မဲဆန္ဒနယ် အတွင်းအပြင် အခြေခံမဲဆန္ဒရှင်စာရင်းကောက်ယူပြုစုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မဲဆန္ဒနယ်အတွင်းအပြင် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၏ အခြေခံမဲ ဆန္ဒရှင်စာရင်းကောက်ယူပြုစုနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းချက်များ၊ တပ်တွင်းမဲရုံများ လုံခြုံရေးနှင့်သွားလာမှုလွယ်ကူသည့်နေရာများတွင် လျာထားမှုနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊  အစည်းအဝေးသို့ တက်ရောက်လာသည့် တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၏ မေးမြန်းဆွေးနွေးချက်များကို သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက အပြန်အလှန်ဆွေးနွေးရှင်းလင်းခဲ့ကြသည်။

 

အဆိုပါ အစည်းအဝေးသို့ မြို့နယ်အတွင်းအများ ယုံကြည်လေးစားခြင်းခံရသည့် ပုဂ္ဂိုလ်များ၊ ကော့သောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှတာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)

 

mdn