တနင်္သာရီ ဇန်နဝါရီ ၆
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ချမ်းမြေ့ကျော် ရေထွက်ပစ္စည်းနှင့် အထွေထွေ ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၊ သိမ်းထိုက်ဇော် ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်နှင့် အောင်ကျော်ဇေ ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်အသင်းများမှ ယနေ့အထိ ရေငန်ပုစွန်နှင့် ရေငန်ငါး ၂၃၃၉၁၀၂ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် ၄၀၃၈ ဒသမ ၈၂၇ သန်း ဖြန့်ဖြူးရောင်းချခဲ့သည်။ သမဝါယမကဏ္ဍက ရေငန်ပုစွန်နှင့် ရေငန်ငါးများကို ပြည်တွင်း၌ ရောင်းချပေးလျက်ရှိရာ ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်