ကော့သောင်း ၁၀ မေ
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားလာနေသဖြင့် ကော့သောင်းမြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အပူချိန်တိုင်း ကရိယာနှင့် နှာခေါင်းစည်းများ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Southern Costline Group မှတာဝန်ရှိသူများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ကော်မတီဖွဲ့စည်းကာ ပြည်သူများနှင့်အတူ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျှက်ရှိရာ (SCG) Southern Costline Group မ ှဒေသကိုယ်စားလှယ် ဦးအောင်ဇော်မြင့်၊ ဦးအောင်ဇာနည်စိုးနှင့် တာဝန်ရှိသူများက အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းများနှင့် ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် Infrared Thermometer (၁၃)ခု နှာခေါင်းစည်း(၂၆၀၀)ခုအား လာရောက်လှူဒါန်းခဲ့ကြရာ ကော့သောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


