ကော့သောင်း ၂၉ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ အတွင်းရေးမှူး ဦးဆောင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် တားမြစ်ဆေးနှင့် ကြီးကြပ်ကန့်သတ်ဆေးများ ရောင်းချမှုမရှိစေရေး ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ပေါ်ရပ်ကွက် အိမ်သုံးဆေး အရောင်းဆိုင် များအား ကွင်းဆင်းစစ်ဆေးမှုလုပ်ငန်းများ လိုက်လံ ဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းခရိုင် ဌာနဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ၊ စားသုံသူရေးရာ ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်မူခင်းရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိပူးပေါင်းအဖွဲ့ဖြင့် မြို့ပေါ် ရပ်ကွက်များအတွင်း ရောင်းချလျှက်ရှိသည့် အိမ်သုံးဆေးဆိုင်များတွင် တားမြစ်ဆေးများ ၊ မူးယစ်ဆေး အုပ်စုဝင်ဆေးများ၊ ကာမစိတ်ကြွဆေးပြားများ ၊ ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ ထိန်းချုပ် ဆေးဝါးများ၊ သက်တမ်းလွန်ခါနီးဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင်မရှိသည့် ဆေးဝါးများ၊ သုံးစွဲရန်မသင့်သောဆေးဝါးများ ဝယ်ယူတင်သွင်း ဖြန့်ချိ ရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေးပြီး စစ်ဆေးတွေ့ရှိပါက အမျိုးသားဆေးဝါး ဥပဒပါ ပြဋ္ဌာန်းချက် များအရ အရေးယူအပြစ်ပေးခံရ နိုင်သည့်အခြေအနေများအား အသိပညာပေး ဆွေးနွေး ပြောကြားခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)