ကော့သောင်း  ၂၂  ဇူလိုင်


သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး သတင်းအချက်အလက်များ ခင်းကျင်းပြသခြင်းကို ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်နံရံကပ်ဘုတ်များတွင် ပြသခဲ့ကြောင်း သိရသည်။


ထိုသို့ ခင်းကျင်းပြသရာတွင် ရေကြီးမှုဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးနှင့် ဆူနာမီဘေး စသည့် ဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ ကြိုတင်သိရှိနိုင်မှု သိကောင်းစရာများ၊ ဘေးအန္တရာယ်ကျရောက်စဉ် ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေး ဖော်ပြထားကြောင်း သိရသည်။


ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ပညာပေး ရုပ်ပုံကားချပ် သတင်းအချက်အလက်များ၊ မိမိမြို့ရွာဒေသအတွင်း ဖြစ်ပေါ်ကြုံတွေ့နိုင်သည့် ဘေးအန္တရာယ် အမျိုးအစားများနှင့် ဖြစ်ပေါ်ကြုံတွေ့ခဲ့မှုများမှ သင်ခန်းစာယူစရာ၊ သတိပြုလိုက်နာစရာ ဖြစ်စဉ်များ၏ မှတ်တမ်းဓာတ်ပုံများကို အသိပညာပေး ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။


ကျော်စိုး (ကော့သောင်း)